လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့တွင် နောင်ချိုမြို့အတွင်းရှိ ဈေးရပ်ကွက်နှင့် ဘူတာရပ်ကွက်များတွင် COVID-19 ရောဂါကူး စက်ပျံ့နှံမှုများမဖြစ်ပွားစေရန် ဆောင်ရန်/ ရှောင်ရန်အချက်များကို မြန်မာဘာသာ၊ ရှမ်းဘာသာ စကားများဖြင့် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)