COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်  (၂၉-၄-၂၀၂၀)ရက် နေ့တွင် လောင်းလုံးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးနှင့်ပူးပေါင်း၍ လောင်းလုံးမြို့ပေါ်တွင် ခရီးသွား ပြည်သူများအား Mask များဖြန့်ဝေခြင်း၊ Covid-19 နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင် ၊  လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာ၊ ပြင်ကျောင်း ကျေးရွာ၊ ကြက်ယက်တွင်းကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (Covid-19) ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#tny_apr2020

Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events