လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူး စက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဇမ္ဗူသီရိမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင် ကျေးရွာ အုပ်စု၊ ရွှေပြည်သာကျေးရွာ၊ အင်တိုင်းသာကျေးရွာ၊ မြိုင်သာယာကျေးရွာ၊ ပိန်းချောင်းကျေးရွာ၊ ရွှေမြင့်မို ကျေးရွာနှင့် အောင်သာယာကျေးရွာများအတွင်းရှိ ပြည်သူများသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)