Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကော့စိန်ကျေးရွာ၊ ကော့ပေါက်ကျေးရွာနှင့် ကော့တွန်ကျေးရွာတို့တွင် ပြည်သူများကို COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်တို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mon_ apr 2020

Sign Up

Upcoming Events