လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက်နေ့၊ (၁၇း၀၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ ဘုရားငူကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာ၊ သာယာကုန်းကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၆)လုံးနှင့် အမိုးလန်နေအိမ်(၇)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၇၇၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၆)စုရှိ လူဦးရေ(၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၅၀၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၈၂၇၄၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၆)အိမ်ထောင်စာအား (၂၉-၄-၂၀၂၀)ရက်နေ့ (၁၃း၃ဝ)နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_ apr 2020

Sign Up

Upcoming Events