ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDPစခန်းများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ဧပြီလ ၂၉ ရက်၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၄-၂၀၂၀ ရက်နေ့မှ (၂၈-၄-၂၀၂၀)ရက်နေ့အထိ ကချင်ပြည်နယ်၊  တနိုင်းမြို့နယ်၊ ကာမိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်တို့ရှိ နှစ်ခြင်း IDP စခန်း၊  RC IDP စခန်း၊  လိုင်နောင်နှစ်ခြင်း IDP စခန်း၊  နန်စီအင်ထွယ်ဆန် IDP စခန်း၊  လဝါး IDP စခန်း၊  မော်ဖောင်းခါနန် IDP စခန်း၊  မော်ဖောင်းလော်ဝေါ် IDP စခန်း၊  နန်းကွေ့စိန်ယောဟန် IDP စခန်း၊  နောင်နန်းတြီနတီ IDP စခန်း၊  နောင်နန်းဂျော်မဆပ် IDP စခန်းများသို့သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ (၂)ခဲနှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၇၅၅)စုအတွက် ဆပ်ပြာခဲ (၁,၅၁၀)ခဲ၊ Mask (၁,၅၁၀)ခု၊ လက်ဆေးစင်(၇)ခု၊ Infrared Thermometer (၇)ခုနှင့် ဗီနိုင်း(၁၀)ချပ်တို့ကို ထောက်ပံ့ခဲ့ပါသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ အေးလင်းမြတ်ရှင် IDP စခန်းနှင့် မြတ်ပန်းဝတ်မှုံ IDP စခန်းတို့ရှိ စုစုပေါင်းအိမ်ထောင်စု(၈၇၁)စုအတွက် လက်ဆေးစင် (၁၈)ခုနှင့် Infrared Thermometer (၂)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မော်သီညှာIDPစခန်း၊ဒါးပိုင် IDP စခန်း၊ အုန်းတော ကြီးတောင် IDP စခန်း၊ အုန်းတောကြီးမြောက် IDP စခန်း၊ အုန်းတောချေ IDP စခန်း၊ ဘောဒူဖ(၁) IDP စခန်းနှင့် ဘောဒူဖ(၂) IDP စခန်းတို့ရှိ အိမ်ထောင်စု (၁၀၆၃၂) စုအတွက် ဆပ်ပြာတောင့် (၁၀၆၃၂) တောင့်၊ Mask (၁၁၇၅၄)ခု၊ လက်ဆေးစင်(၁၀)ခုနှင့် Infrared Thermometer (၃)ခု ထောက်ပံ့ ခဲ့ပါသည်။

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၅) ရပ်ကွက်နှစ်ခြင်း အသင်းတော် IDP စခန်း၊ (၆) ရပ်ကွက်မူကြိုကျောင်း IDP စခန်း၊ နမ့်ဖတ်ကာနှစ်ခြင်း အသင်းတော် IDP စခန်း၊ နမ့်ဖတ်ကာ နယ်မြေ(၄)IDP စခန်းနှင့် ပန်ကူ IDP စခန်းတို့ရှိ အိမ်ထောင်စု (၂၀၁)စုအတွက် ဆပ်ပြာတောင့် (၉၂)တောင့်၊ Mask (၁၈၄)ခု၊ လက်ဆေးစင်(၄)ခုနှင့်  Infrared Thermometer (၃)ခုထောက်ပံ့ ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှု လုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ar

Source:        MSWRR

Sign Up

Upcoming Events