Author Archives: Department of Disaster Management
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပန်ချီဟတ်ကျေးရွာ၊ ပန်စလိကျေးရွာ၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆော်သြခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့ တွင် (၀၇:၃၀)နာရီမှစတင်၍(၁၂:၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ဆင်တဲ ကျေးရွာ၊ ခြံယာကျေးရွာ၊ နတ်ပေးကျေးရွာ၊ မြောက်ရွာကျေးရွာ၊ ကျွန်းညိုကျေးရွာနှင့် လှေခုတ် ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေွအုပ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့အဝင်စုပေါင်းဂိတ်၌ မြို့တွင်းသို့အ၀င် /အထွက် မော်တော်ယာဉ်များတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်ကောက်ယူခြင်းနှင့် မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာတွင် လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးနှိုးဆောင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 … Read more
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီမှ (၁၁:၀၀)နာရီအချိန်ထိ ဖာပွန်မြို့နယ်အတွင်းရှိ သိမ်းချောင်ကျေးရွာ၊ ဆင်စွယ်ချောင်းဝကျေးရွာ၊ နို့လာကျေးရွာနှင့် ဘလော်တယ်ကျေးရွာတို့တွင် COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်၊ ဈေးတောင်တိုက်ပွဲရှောင်စခန်း၊ မိုးလုံလေလုံအားကစားခန်းမရှိ တိုက်ပွဲရှောင်စခန်းနှင့် အမ်းမြို့နယ်၊ ရူးကျေးရွာအုပ်စု၊ ဒုက္ကံဘက်စုံးသုံးခန်းမရှိ တိုက်ပွဲရှောင်စခန်းများသို့ စခန်း (၁) ခုလျှင် ထုံး(၁၀) အိတ်နှုန်းနှင့် အသိပညာပေးနှိုးဆော်ချက်ဗီနိုင်း(၂)ခုနှုန်းဖြင့် စုစုပေါင်းစခန်း(၃)ခုအတွက် ထုံး အိတ် (၃၀) အိတ်နှင့် အသိပညာပေးနှိုးဆော်ချက် ဗီနိုင်း (၆) ခု တို့အား (၁၃- ၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိ မှုသတင်း
မေလ ၁၂ ရက်၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၁၁-၅-၂၀၂၀)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ်(၃)ခု၌ နေအိမ်(၅)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၀၀)အမိုးအကာလန်ပျက်စီးခြင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ နေအိမ်(၁၀)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ကရင်ပြည်နယ်၊ မြို့နယ်(၅)ခု၌ နေအိမ်(၆)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၅၅)လုံး နှင့် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့၌ ကျောက်ပန်းတောင်းမြို့နယ်၊ ကတောကျေးရွာအုပ်စုမှ ကျေးရွာပေါင်း(၅)ရွာနှင့် တလင်းကုန်းကျေးရွာအုပ်စုမှ ကျေးရွာပေါင်း(၂)ရွာတို့တွင် မိုးအနည်းငယ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု များဖြစ်ပွားခဲ့သောကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၇၀)လုံး၊ အိမ်ထောင်စု(၇၀)စုတို့မှ လူဦးရေ(၂၈၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၀၀,၆၀၀/-)ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃,၄၄၀,၀၀၀/-)ကျပ်၊ စုစုပေါင်းငွေထောက်ပံ့ငွေ (၄,၀၄၀,၆၀၀/-)ကျပ်အား (၁၂-၅-၂၀၂၀)ရက်နေ့ (၁၆:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေး သင့်ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုကေကျေးရွာအုပ်စု၊ အိုကေကျေးရွာနှင့် ငွေတောင်ကျေးရွာအုပ်စု၊ ညောင် ကုန်းကျေးရွာတို့တွင် မိုးကြိုးထိမှန်၍ သေဆုံးသူ (၃) ဦးအတွက် (၁) ဦးလျှင်(၃၀၀၀၀၀/-) ကျပ် နှုန်းဖြင့် ရန်ပုံငွေ စုစုပေါင်း(၉၀၀၀၀၀/-)ကျပ်ကို (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၃:၃၀)နာရီ အချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ ညနေတွင် မြိတ်မြို့နယ်၊ ပါရမီ(၂)ရပ်ကွက်၊ ကြောင်ငယ်ရပ်ကွက်၊ ဇေယျာသီရိ (၃)ရပ်ကွက်တို့တွင် COVID19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ် ခြင်းတို့အား သွားရောက်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့ တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ နမ့်ဘောဝမ်(ခ)ရပ်ကွက်၊ နာနတ် တောရပ်ကွက်၊ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူကျေးရွာ၊ နန့်ဘောဝမ်(က)ရပ်ကွက်၊ ပန်ကန်း ကျေးရွာအုပ်စု၊ စိုက်ကွင်း(၃)ကျေးရွာ၊ ထူဒူငံသကျေးရွာနှင့် ဒေါဆန်းဘွန်းကျေးရွာများတွင် လပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် နေအိမ် (၉) လုံး အမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၅၅) … Read more
