လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့၌ ကျောက်ပန်းတောင်းမြို့နယ်၊ ကတောကျေးရွာအုပ်စုမှ ကျေးရွာပေါင်း(၅)ရွာနှင့် တလင်းကုန်းကျေးရွာအုပ်စုမှ ကျေးရွာပေါင်း(၂)ရွာတို့တွင် မိုးအနည်းငယ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု များဖြစ်ပွားခဲ့သောကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၇၀)လုံး၊ အိမ်ထောင်စု(၇၀)စုတို့မှ လူဦးရေ(၂၈၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၀၀,၆၀၀/-)ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃,၄၄၀,၀၀၀/-)ကျပ်၊ စုစုပေါင်းငွေထောက်ပံ့ငွေ (၄,၀၄၀,၆၀၀/-)ကျပ်အား (၁၂-၅-၂၀၂၀)ရက်နေ့ (၁၆:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေး သင့်ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)