လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့ တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ နမ့်ဘောဝမ်(ခ)ရပ်ကွက်၊ နာနတ် တောရပ်ကွက်၊ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူကျေးရွာ၊ နန့်ဘောဝမ်(က)ရပ်ကွက်၊ ပန်ကန်း ကျေးရွာအုပ်စု၊ စိုက်ကွင်း(၃)ကျေးရွာ၊ ထူဒူငံသကျေးရွာနှင့် ဒေါဆန်းဘွန်းကျေးရွာများတွင် လပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် နေအိမ် (၉) လုံး အမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၅၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၈၃၆၀၀/-)ကျပ် နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၁၅၅၀၀/-) ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုး(၈၉၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၈၈၈၁၀၀/-)ကျပ်ကို (၁၂-၅-၂၀၂၀) ရက်နေ့ ၊(၁၃:၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#kyh_may2020

Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events