လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုကေကျေးရွာအုပ်စု၊ အိုကေကျေးရွာနှင့် ငွေတောင်ကျေးရွာအုပ်စု၊ ညောင် ကုန်းကျေးရွာတို့တွင် မိုးကြိုးထိမှန်၍ သေဆုံးသူ (၃) ဦးအတွက် (၁) ဦးလျှင်(၃၀၀၀၀၀/-) ကျပ် နှုန်းဖြင့် ရန်ပုံငွေ စုစုပေါင်း(၉၀၀၀၀၀/-)ကျပ်ကို (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၃:၃၀)နာရီ အချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#kyh_may2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)