Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ပါဒေါဒူကျေးရွာနှင့် ဒေါကလိုးခူကျေးရွာတို့တွင် (၁၃-၅-၂၀၂၀)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဉီးရေ(၁၀)ဉီးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၈၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၁,၀၀ဝ/-)ကျပ်အား (၁၄-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပန်ခမ်းကျေးရွာအုပ်စု၊ မန်အိုက်တိုက်ကျေးရွာ၌ မိုးသက်လေပြင်းကျရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇)စု၊ လူဦးရေ(၂၇)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၆၇၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၄၃၆၀၀၀/-)ကျပ်နှင့် ဘုန်းတော်ကြီး ကျောင်းဆောင်(၁)ဆောင် အတွက် ထောက်ပံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၅၉၂၇၀၀/-)ကျပ်တို့အား (၁၄-၅-၂၀၂၀)ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် ဘေးသင့်ပြည်သူ့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ စီအူကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်လှဲ၍ သေဆုံး(၁)ဦးအတွက် ထောက်ပံငွေ(၃၀၀၀၀၀/-)ကျပ် အားလည်းကောင်း၊ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံငွေ (၅၀၀၀၀/-)ကျပ်အား (၁၄-၅-၂၀၂၀)ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #kcn_may2020
-
COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဖြင့်ပူးပေါင်း၍ (၁၅-၅-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါး လျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၅-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ထဲနန်ကျေးရွာအုပ်စု၊ ခမွန်ရွာမကျေးရွာအုပ်စု၊ အောင်မိသာကျေးရွာအုပ်စုနှင့် မိုးမြန်မာကျေးရွာအုပ်စုတို့တွင် လေဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်ပြိုလဲနေအိမ်(၁၆)လုံး၊ အမိုးလန်နေအိမ်(၄၃) လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂,၇၁၀,၀၀ဝ/-)ကျပ်၊ ပြိုလဲနေအိမ်(၁၆)လုံးရှိ လူဦးရေ(၈၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆၈,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၈၇၈,၀၀ဝ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁၆)အိမ်ထောင်စုစာတို့အား (၁၄-၅-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၅-၂၀၂၀)ရက်နေ့တွင် (၈:၃၀)အချိန်မှ (၁၁:၃၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ လယ်ရှည်ကျေးရွာ၊ လယ်ရှည်ရွာသစ်ကျေးရွာ၊ လယ်ရှည်(ရ)ကျေးရွာ၊ ချင်းတောင်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်၍ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးလိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ အသိပညာပေးဟောပြောခြင်း၊ ကျေးရွာနေပြည်သူများသို့ပန်ကြားခြင်းနှင့် လေပြင်းဘေး၊ မီးဘေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့ (၁၆း၁၀)အချိန်တွင် အမ်းမြို့နယ်၊ စနဲကျေးရွာအုပ်စု၊ တလိုင်းတောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (သိပ်မိုး၊အုတ်ကာ၊ကွန်ကရစ်ခင်း) (၁)လုံး ၊ နေအိမ်(ဓနိမိုး၊ဝါးထရံကာ၊ပျဥ်ခင်း)(၂)လုံး စုစုပေါင်းနေအိမ် ( ၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်(၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖို့ထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃၁၀၀/-)ကျပ်၊ စုစုပေါင်း (၄၂၃၁၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)အိမ်ထောင်စုစာတို့အား (၁၄-၅-၂၀၂၀)ရက်နေ့ (၁၅း၃၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ် မရဲ့ရွာသစ်ကျေးရွာအုပ်စု၊ မရဲ့ရွာသစ်ကျေးရွာတွင် (၀၉:၀၀)နာရီ၌လည်းကောင်း၊ သစ်ဖြူချောင်းကျေးရွာတွင် (၁၁:၀၀)နာရီ၌လည်းကောင်း၊ ရွှေဘိုစုကျေးရွာတွင် (၁၃:၀၀)နာရီ၌လည်းကောင်း၊ မရဲ့ဝကျေးရွာတွင် (၁၅:၀၀)နာရီ တို့၌ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_may2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့(၁၇:၀၀)အချိန်တွင် ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြိုင်းအုံကျေးရွာ၌ လေဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်အမိုးလန်နေအိမ်(၁)လုံးနှင့် ပြိုလဲနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄,၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၅၄,၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစာ(၁)အိမ်ထောင်စာအား (၁၄-၅-၂၀၂၀)ရက်နေ့ နေ့လည်(၀၂:၀၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန် တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ကျင်းကျေးရွာအုပ်စု၊ ကျင်းကျေးရွာ၊ လယ်ကြီးကိုင်းကျေးရွာ၊ ငါးရံ့ချောင်းကျေးရွာ၊ စည်ပင်ကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_may2020
