လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပန်ခမ်းကျေးရွာအုပ်စု၊ မန်အိုက်တိုက်ကျေးရွာ၌ မိုးသက်လေပြင်းကျရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇)စု၊ လူဦးရေ(၂၇)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၆၇၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၄၃၆၀၀၀/-)ကျပ်နှင့် ဘုန်းတော်ကြီး ကျောင်းဆောင်(၁)ဆောင် အတွက် ထောက်ပံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၅၉၂၇၀၀/-)ကျပ်တို့အား (၁၄-၅-၂၀၂၀)ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် ဘေးသင့်ပြည်သူ့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#kcn_may2020