လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ပါဒေါဒူကျေးရွာနှင့် ဒေါကလိုးခူကျေးရွာတို့တွင် (၁၃-၅-၂၀၂၀)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဉီးရေ(၁၀)ဉီးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၈၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၁,၀၀ဝ/-)ကျပ်အား (၁၄-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#kyh_may2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)