Author Archives: Department of Disaster Management

  • လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်နေ့နှင့် (၁၁-၆-၂၀၂၀) ရက်နေ့တို့တွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာ နှင့် ဆတ္ထူကျေးရွာအုပ်စု၊ ဆတ္ထူကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်နေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄)စု၊ လူဦးရေ(၂၄)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ(၄၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၅၀,၄၀ဝိ/-)ကျပ်၊ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)ကျပ်၊ ဒဏ်ရာရရှိသူ(၁) ဦးအတွက် ထောက်ပံငွေ (၅၀,၀၀ဝိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၈၀၀,၄၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးတို့အား (၁၁-၆-၂၀၂၀) … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ဇလီငှက်ကြီးတောင်ကျေးရွာအုပ်စု၊ တဲကြီး ကုန်းရွာသစ်ကျေးရွာ၊ တဲကြီးကုန်းရွာမကျေးရွာ၊ လသာကျေးရွာ၊ အောင်နန်းချိုကျေးရွာရှိ ပြည်သူ များသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jun2020

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်၊ နံနက်(၁၀း၁၅)အချိန် သံတောင်ကြီးမြို့အမှတ်(၃)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသောနေအိမ်(၁)လုံးအတွက် အိမ်ဆာက်ပစ္စည်းဖိုးငွေ(၅၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၀၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀၅၀၀)ကျပ်ကို (၁၁-၆-၂၀၂၀)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #krn_jun2020 Source:           သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၆-၂၀၂၀)ရက်နေ့၊ (၁၃:၂၀)နာရီအချိန်တွင် မင်းလှမြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ စုစုပေါင်း(၁၀)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၁,၀၀ဝိ/-) ကျပ်၊ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀ဝဝိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၇၁,၀၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စုစာအား (၁၁-၆-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ် … Read more

  • လေပြင်းဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာ၌ (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀ဝ/-) ကျပ်အား (၁၁-၆-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #bgo_jun2020 Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀)ရက်နေ့တွင် မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာ၊ မောရဝတီ ကျေးရွာနှင့် ကိုင်းကြီးကျေးရွာ၊ သ‌ရေကုန်‌ဘောင်ကျေးရွာ၊ ဗောဓိကုန်း‌ကျေးရွာ၊ခ‌ရေမြိုင်‌ကျေးရွာ၊‌ရွှေရင်‌အေးကျေးရွာတို့တွင် အသံချဲ့စက်ဖြင့် (Covid-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_jun2020

  • သောက်ရေသန့်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်တွင် သောက်သုံးရေအခက်အခဲရှိသော လယ်ဝေးမြို့နယ်၊ ဇလီငှက်ကြီး တောင်ကျေးရွာအုပ်စု၊ တဲကြီးကုန်း ရွာသစ် ကျေးရွာ၊ တဲကြီးကုန်းရွာမ ကျေးရွာ၊လသာ ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၁၆၈)စုအတွက် သောက်ရေသန့်(၂၀)လီတာဘူး (၃၄၀)ဘူးအား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • ဆပ်ပြာခဲများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောခြင်းနှင့် မြစ်ကြီးနားမြို့နယ်ရှိ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းရာဒါ ကောင်းဘီCOC၊ တပ်ကုန်းစံပြနှစ်ခြင်း စခန်းတို့အား ဆပ်ပြာ(၉၆)ခဲပါ (၄)ဖာစီ သွားရောက်ပေးအပ် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #kcn_jun2020

  • COVID-19  ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ  လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့် ပွားလျက်ရှိသော Covid-19  ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက်စီးနင်း လိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များတိုင်းထွာ ပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊  မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ  ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့ (၈း၂၀)အချိန်တွင် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ် ကျေးရွာအုပ်စု၊ ကမ်းတိုကျေးရွာ၌ မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၅၀၀၀/-)ကျပ်၊လူဦးရေ(၃)ဦးအတွက်ဆန်ဖိုး (၇)ရက်စာ ဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၃၀၀/-)ကျပ်အား (၁၀-၆-၂၀၂၀)ရက်နေ (၁၆း၂၀)အချိန်တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ fir #tny_jun2020

Sign Up

Upcoming Events