
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၆-၂၀၂၀)ရက်နေ့၊ (၁၃:၂၀)နာရီအချိန်တွင် မင်းလှမြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ စုစုပေါင်း(၁၀)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၁,၀၀ဝိ/-) ကျပ်၊ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀ဝဝိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၇၁,၀၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စုစာအား (၁၁-၆-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: : မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha-fir
#mgy_jun2020