
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်နေ့နှင့် (၁၁-၆-၂၀၂၀) ရက်နေ့တို့တွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာ နှင့် ဆတ္ထူကျေးရွာအုပ်စု၊ ဆတ္ထူကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်နေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄)စု၊ လူဦးရေ(၂၄)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ(၄၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၅၀,၄၀ဝိ/-)ကျပ်၊ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)ကျပ်၊ ဒဏ်ရာရရှိသူ(၁) ဦးအတွက် ထောက်ပံငွေ (၅၀,၀၀ဝိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၈၀၀,၄၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးတို့အား (၁၁-၆-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ လေဘေးသင့်ပြည်သူများထံ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_jun2020