လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်၊ နံနက်(၁၀း၁၅)အချိန် သံတောင်ကြီးမြို့အမှတ်(၃)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသောနေအိမ်(၁)လုံးအတွက် အိမ်ဆာက်ပစ္စည်းဖိုးငွေ(၅၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၀၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀၅၀၀)ကျပ်ကို (၁၁-၆-၂၀၂၀)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#krn_jun2020

Source:           သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events