လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့် ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက်စီးနင်း လိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များတိုင်းထွာ ပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jun2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)