လေပြင်းဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာ၌ (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀ဝ/-) ကျပ်အား (၁၁-၆-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#bgo_jun2020

Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events