COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀)ရက်နေ့တွင် မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာ၊ မောရဝတီ ကျေးရွာနှင့် ကိုင်းကြီးကျေးရွာ၊ သ‌ရေကုန်‌ဘောင်ကျေးရွာ၊ ဗောဓိကုန်း‌ကျေးရွာ၊ခ‌ရေမြိုင်‌ကျေးရွာ၊‌ရွှေရင်‌အေးကျေးရွာတို့တွင် အသံချဲ့စက်ဖြင့် (Covid-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#rke_jun2020

Sign Up

Upcoming Events