Author Archives: Department of Disaster Management

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ စေတုတ္တရာမြို့နယ်၊ ဖအိုင်း(အနောက်)ကျေးရွာသို့ (၂၈-၆-၂၀၂၀) ရက်နေ့နှင့် (၂၉-၆-၂၀၂၀) ရက်နေ့တို့တွင် ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၅)ဦးအတွက် ဆန်ဖိုးရက်(၃၀)စာ စုစုပေါင်းထောက်ပံ့ငွေ(၂၂၅,၀၀၀)ကျပ်အား (၁၀-၇-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mgy_jul2020

  • COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicefနှင့် စေတနာ့ဝန်ထမ်းတို့  ပူးပေါင်းပြီး အုပ်စု(၂)ဖွဲ့ခွဲ၍ လွိုင်လင်ခရိုင်၊ လွိုင်လင်​​မြို့နယ်၊  ခိုင်သဇင်စားသောက်ဆိုင်၊ သီပေါ-ပန်ကေတု လမ်းမပေါ်ရှိ ခရီးသွားပြည်သူများနှင့် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ လဝန်းသစ်စားသောက်ဆိုင်နှင့် သဘာဝ ရိပ် သာ သီလရှင်ကျောင်းရှိ သီလရှင်များက်ို Covid-19  ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွား​စေရန်ကြိုတင်ကာကွယ်ရေး အသိပညာပေး ကမ်ပိန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏  ကမ္ဘာတစ်ဝှမ်း ရောဂါဖြစ်ပွားမှုအခြေအနေများကို … Read more

  • COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ ​စေတနာပရဟိတအသင်းမှ Volunteer များ၊ စျေး​​ကော်မတီဝင်များနှင့်ပူးပေါင်း၍ Covid-19 ​ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွား​စေရန် ကြိုတင်ကာကွယ်​ရေးအသိပညာ​ပေး Campaign အစီအစဥ်အား မူဆယ်မြို့နယ်၊ ​ကောင်း​နောင်ရပ်ကွက်ရှိ အမှတ်(၂)​စျေးတွင်  ပြည်သူများသို့အသိပညာပေးခြင်း၊ Mask ၊ဆပ်ပြာ၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ အသံချဲ့စက်ဖြင့်နှိုး​ဆော်ခြင်းနှင့် ဗွီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၉-၇-၂၀၂၀) ရက်နေ့ ၊ (၁၁:၀၀)နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အစယ်အုပ်စု၊ (အိုးလယ်ပင်း၊ မဲဇင်း၊ ရွာသစ်၊ ဝါးတောချောင်း၊ သာယာကုန်း၊ ခတ္တိယ၊ ကော်ကုန်း) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော  COVID-19 ကူးစက်ရောဂါ (ဒုတိယအကြိမ်) အသိပညာပေးခြင်းနှင့်  မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များ၊ သဘာ၀ဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေ ပြည်သူလူထုအား အသိပညာပေးလှည့်လည်နိုးဆော်ခြင်းနှင့် … Read more

  • COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈- ၇- ၂၀၂၀) ရက်နေ့ နံနက်(၁ဝ:၀၀)နာရီအချိန်မှ နေ့လည် (၁၃:၀ဝ)နာရီအချိန်ထိ  ဘားအံမြို့နယ်အတွင်းရှိ  ဖားလင် (၁) ကျေးရွာ၊ ဖားလင် (၂) ကျေးရွာနှင့် ဝင်းကျန်ကျေးရွာများသို့ သွားရောက်၍ COVID -19 ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်း များ၊ ရေဘေး၊ မိုးကြိုးဘေးနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇- ၇- ၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်မှ နေ့လည် (၁၄:၃၀)နာရီအချိန်ထိ  လှိုဘားအံမြို့နယ်အတွင်းရှိ  ရွှေ တောကျေးရွာ တောင်သူကုန်းကျေးရွာနှင့် ကော့သံခါကျေးရွာမျာသို့ သွားရောက်၍ COVID – 19 ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်း များ၊ ရေဘေး၊ လေဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေးဟော ပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jul2020 Source: … Read more

  • (Covid-19) ကူးစက်ရောဂါနှင့် အသိပညာပေးခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

        (၉-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ (Covid-19) ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကျိုင်းတုံမြို့ ပေါ်ရှိ စားသောက်ဆိုင်များ၌ ပြည်သူများကို ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ (Campaign) ဆောင်ရွက် ခြင်းဖြင့် Maskများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေး ဆပ်ပြာများ၊ ဗီနိုင်းများ ကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀)ရက်နေ့တွင် မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ဖဲဂဇက်ကျေးရွာအုပ်စု၊ မနူနာကျေးရွာ၌ လေပြင်တိုက်ခတ်မှု ကြောင့် သစ်ကိုင်းကျိုးကျပြီး အမိုးထိခိုက်ပျက်စီးခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦး အတွက် ဆန်ရိက္ခာဖိုးနှင့် ထောက်ပံ့ငွေကျပ် (၃၀,၅၀ဝ/-)(သုံးသောင်းငါးရာကျပ်တိတိ)အား(၁ဝ-၇-၂၀၂၀)ရက်နေ့၊ (၁၀ :၀၀) နာရီအချိန်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ဘေးသင့်သူများ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_jul2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ ပျံ့ပွားမှုမဖြစ်စေရန် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEFနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် ကျောက်မဲမြို့ရှိ ဈေးသစ် (မင်္ဂလာဈေး)၊ အောင်စည်စားသောက်ဆိုင်၊ ရွှေထိုက်စားသောက်ဆိုင်နှင့် ရွှေယမင်းစားသောက်ဆိုင်များတွင် ပြည်သူလူထုထံသို့ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း (Campaign) များဆောင်ရွက်ခြင်းဖြင့် Mask များ၊ လက်ဆေးဆပ်ပြာများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jul2020

  • မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၂၀)ရက်နေ့၊ တောင်ကြီးမြို့နယ်၊ ကံသာ ရပ်ကွက်၊ ဘုရားကြီးအတက်လမ်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၅,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၅,၂၀၀)ကျပ်တို့ကို (၈-၇-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ဘေးသင့်ပြည်သူ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_lsd #shn_jul2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events