(၉-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ (Covid-19) ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကျိုင်းတုံမြို့ ပေါ်ရှိ စားသောက်ဆိုင်များ၌ ပြည်သူများကို ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ (Campaign) ဆောင်ရွက် ခြင်းဖြင့် Maskများ၊ လက်ဆွဲအိတ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ဆေး ဆပ်ပြာများ၊ ဗီနိုင်းများ ကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)