မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၂၀)ရက်နေ့၊ တောင်ကြီးမြို့နယ်၊ ကံသာ ရပ်ကွက်၊ ဘုရားကြီးအတက်လမ်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၅,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၅,၂၀၀)ကျပ်တို့ကို (၈-၇-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ဘေးသင့်ပြည်သူ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_lsd
#shn_jul2020
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events