COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈- ၇- ၂၀၂၀) ရက်နေ့ နံနက်(၁ဝ:၀၀)နာရီအချိန်မှ နေ့လည် (၁၃:၀ဝ)နာရီအချိန်ထိ  ဘားအံမြို့နယ်အတွင်းရှိ  ဖားလင် (၁) ကျေးရွာ၊ ဖားလင် (၂) ကျေးရွာနှင့် ဝင်းကျန်ကျေးရွာများသို့ သွားရောက်၍ COVID -19 ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်း များ၊ ရေဘေး၊ မိုးကြိုးဘေးနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_jul2020

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events