လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀)ရက်နေ့တွင် မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ဖဲဂဇက်ကျေးရွာအုပ်စု၊ မနူနာကျေးရွာ၌ လေပြင်တိုက်ခတ်မှု ကြောင့် သစ်ကိုင်းကျိုးကျပြီး အမိုးထိခိုက်ပျက်စီးခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦး အတွက် ဆန်ရိက္ခာဖိုးနှင့် ထောက်ပံ့ငွေကျပ် (၃၀,၅၀ဝ/-)(သုံးသောင်းငါးရာကျပ်တိတိ)အား(၁ဝ-၇-၂၀၂၀)ရက်နေ့၊ (၁၀ :၀၀) နာရီအချိန်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ဘေးသင့်သူများ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_jul2020

Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events