Author Archives: Department of Disaster Management
-
မိုးကောင်းမြို့IDP စခန်းများတွင် ဆပ်ပြာခဲ၊ ထုံးအိတ်နှင့် ဗွီနိုင်းများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၇-၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် IDP နှစ်ခြင်းဘုရားကျောင်း၊ နောင်ကိုင်တော် မဟောင်IDPစခန်းနှင့် နတ်ကြီးကုန်းIDPစခန်း(၃)ခု မှ အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၁၉၁)ဦးအတွက် ဆပ်ပြာ(၁၉၁)ခဲ၊ ထုံး(၃၀)အိတ်နှင့်ဗွီနိုင်း(၃)ခု တို့ကို သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ #kcn_jul2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19)ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
၁၉-၇-၂၀၂၀ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁၁၈/၁၂၄/၁၂၅)ရပ်ကွက်၊ စစ်ပင်တောင်ရပ်ကွက်၊ တောင်တလုတ်ရပ်ကွက်၊ ရွာသာကြီးအရှေ့ပိုင်း ရပ်ကွက်များတွင် (Covid-19)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိ လိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေး အသိပညာပေးခြင်းကို ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉- ၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ ကြူချောင်းရွာသစ်ကျေးရွာရှိ အိမ်ခြေ (၇၁) ၊ အိမ်ထောင်စု (၇၁) စု၊ လူဦးရေ (၃၅၈) ဦး တို့ကို သောက်သုံးရေဂါလံပေါင်း (၆,၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။ #ha_drg #mgy_jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၈-၇-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီချိန်မှ နေ့လည်(၁၄:၀၀) နာရီချိန်အထိ ကျောက်တွင်းကျေးရွာ အုပ်စုရှိ ကျောက်တွင်းကျေးရွာ၊ ဆင်ထောက်ကျေးရွာ၊ ဝဲမကိုက်ကျေးရွာ၊ စွန်ကြီးကျေးရွာ မှ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက် နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ် များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ထန်း ငယ်တောကျေးရွာအုပ်စု၊ ထန်းငယ်တောကျေးရွာနှင့် ကျောက်လှေခါးကျေးရွာရှိ အိမ်ခြေ (၄၀၀) လုံး၊ အိမ်ထောင်စု (၅၁၀) စု၊ လူဦးရေ (၁၈၉၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၇,၂၀၀) အား (၁၈-၇-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်းကာသွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်း ရရှိ ပါသည်။ #ha_drg #mgy_jul2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ကလေးဝမြို့နယ်၊ ကိုင်းကျေးရွာ အုပ်စု၊ ဇီးဒေါင့်ကျေးရွာနှင့် တုံနန်းကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာတို့၌ (၁၇-၇-၂၀၂၀) ရက်နေ့ ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၂) လုံး၊ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် စုစု ပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀) ကျပ် အား (၁၈-၇-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့် … Read more
-
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ချင်းတိုင်းရင်းသားများနှင့် ပတ်သက်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
ဇူလိုင် ၁၆၊ နေပြည်တော် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ချင်းတိုင်းရင်းသားများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ချင်းတိုက်ပွဲရှောင် ပြည်သူများကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီနှင့် ဆွေးနွေးညှိနှိုင်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conference ဖြင့် ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ချင်းတိုက်ပွဲရှောင်ပြည်သူများကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (Relief and Rehabilitation Committee for … Read more
-
Covid-19 ကူးစက်ရောဂါ၊ မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေး စသည့်သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးရွှေကူးကျေးရွာ၊ စော်ဖျားကျေးရွာ၊ ကျောက်လှေကားကျေးရွာနှင့် အင်းပြားကျေးရွာတို့တွင် လော်စပီကာ၊ Memory stick နှင့် Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့်သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့်ဗီနိုင်းပိုစတာများ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jul2020
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၇-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ရောက်ရှိခိုလှုံနေထိုင် လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၈၀) စု၊ လူဦးရေ (၃၄၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန်(၁၀၇) အိတ်၊ (၁၉) ပြည်၊ (၄) ဗူးအားလည်းကောင်း၊ ထပ်တိုးရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်တိုက်ပွဲ ရှောင်စခန်းရှိ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၈၄) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ဝက်စားပိုးကျေးရွာ၊ ညောင်ဇင်ကျေးရွာ၊ ထန်းကုန်းကျေးရွာ၊ မြောက်လွှတ်ကုန်းကျေးရွာ၊ ပန်းတင် ကျေးရွာ၊ တယ်ပင်ကန်ကျေးရွာ၊ နဂျီချောင်းကျေးရွာနှင့် ကရင်ကွင်းကျေးရွာများတွင် Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်၊ ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
