
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ထန်း ငယ်တောကျေးရွာအုပ်စု၊ ထန်းငယ်တောကျေးရွာနှင့် ကျောက်လှေခါးကျေးရွာရှိ အိမ်ခြေ (၄၀၀) လုံး၊ အိမ်ထောင်စု (၅၁၀) စု၊ လူဦးရေ (၁၈၉၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၇,၂၀၀) အား (၁၈-၇-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်းကာသွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်း ရရှိ ပါသည်။
#ha_drg
#mgy_jul2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)