
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉- ၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ ကြူချောင်းရွာသစ်ကျေးရွာရှိ အိမ်ခြေ (၇၁) ၊ အိမ်ထောင်စု (၇၁) စု၊ လူဦးရေ (၃၅၈) ဦး တို့ကို သောက်သုံးရေဂါလံပေါင်း (၆,၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။
#ha_drg
#mgy_jul2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)