Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀)ရက်နေ့တွင် ကျောက်တံခါးမြို့နယ် ကင်းကျေးရွာ၊ အယဉ်စုကျေးရွာ၊ ကျားချောင်းကျေးရွာ၊ မြို့ချောင်းကျေးရွာ၊ ဆီဆုံကုန်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ တောင်ပေါ်စုကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးကြိုးဘေး၊ ရေဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2020 Source:           ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀)ရက်နေ့တွင် ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့၌ COVID-19 ရောဂါ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းတို့ကို လှည့်လည်နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source:           အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ​​ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၅)ရွာတို့၌ (၂၃-၇-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု ကြောင့် ဘေးသင့်အိမ်ခြေ (၃၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၉၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၃၉)စုမှ လူဦးရေ (၁၆၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၄၈,၆၀၀/-) ကျပ်တို့ကို (၂၇-၇-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2020 Source:           မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးဝင်းကြည်(တဲတိုက်)တွင် အိမ်ခြေ (၁၀၃) လုံး၊ အိမ်ထောင်စု (၁၀၉) စု၊ လူဦးရေ (၅၁၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၇ – ၇-၂၀၂၀) ရက်နေ့၊ (၁၁: ၀၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_drg #mgy_jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇- ၇ -၂၀၂၀)ရက်​​နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ​ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ရှိ ကုလားကိုင်းကျေးရွာ၊ ရှမ်း ကိုင်းကျေးရွာ၊ ဝှေနောင်ကျေးရွာ၊ မဲသလွတ်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဥ်း၍ ဆောင်ရန်/ ရှောင် ရန် အချက်များအား အသံချဲ့စက်ဖြင့် … Read more

  • ကမ်းပြိုမှု အခြေအနေအား ကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီချိန်တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ (အိပ်ပျက်၊ ငှက်ပျောတော၊ ဖောင်ဆိပ်)ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု အခြေအနေအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုမှုအခြေအနေအားကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ayy_jul2020

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆပ်ပြာခဲများ၊ ထုံးအိတ်များနှင့် အသိပညာပေးဗီနိုင်းပိုစတာများ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ ဆိုင်းဂျာ IDPစခန်းရှိ အိမ်ထောင်စု(၄၄)စုမှ လူဉီးရေ(၂၇၄)ဉီးတို့အတွက် Paris ဆပ်ပြာ(၂၇၄)ခဲ၊ ထုံးအိတ်(၁၀)အိတ်နှင့် COVID-19 အသိပညာပေး ဗီနိုင်းပိုစတာ(၁)ချပ်တို့ကိုလည်းကောင်း၊ လွယ်ဂျယ်မြို့၊ ကတ်သလစ်IDPစခန်းရှိ အိမ်ထောင်စု(၆၇)စုမှ လူဉီးရေ(၄၁၈)ဉီးတို့အတွက် Parisဆပ်ပြာ(၄၁၈)ခဲ၊ ထုံးအိတ် (၁၀) အိတ်နှင့် COVID-19 အသိပညာပေးဗီနိုင်းပိုစတာ(၁)ချပ်တို့ကိုလည်းကောင်း၊ လွယ်ဂျယ်မြို့၊ နှစ်ခြင်းIDPစခန်းရှိ အိမ်ထောင်စု(၃၈)မှ လူဦးရေ(၂၄၁)ဦးတို့အတွက် Paris ဆပ်ပြာ(၂၄၁)ခဲ၊ ထုံအိတ်(၁၀)အိတ်နှင့် COVID-19 အသိပညာပေး … Read more

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ခြောက်မိုင်ကျွဲခြံကုန်းရပ်ကွက်၊ နယ်မြေ(၈)၌ (၂၅-၇-၂၀၂၀) ရက်နေ့၊ (၁၉:၄၅)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးကျ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်နေရသည့် ဒဏ်ရာရဘေးသင့်ပြည်သူ (၁) ဦးအား ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကို (၂၆-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_jul2020 Source:           မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၃:၀၀)နာရီချိန်အထိ လောင်းလုံးမြို့နယ်၊ အောက်ကျောက် ဝပ်ကျေးရွာအုပ်စုအတွင်းရှိ အောက်ကျောက်ဝပ်ကျေးရွာနှင့် ညောပြင်ကျေးရွာများမှ ပြည်သူများ အား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခြင်းနှင့် မုန်တိုင်းဘေးဗီနိုင်းပိုစတာများ ပေးအပ်ခြင်းများ … Read more

Sign Up

Upcoming Events