COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇- ၇ -၂၀၂၀)ရက်​​နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ​ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ရှိ ကုလားကိုင်းကျေးရွာ၊ ရှမ်း ကိုင်းကျေးရွာ၊ ဝှေနောင်ကျေးရွာ၊ မဲသလွတ်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဥ်း၍ ဆောင်ရန်/ ရှောင် ရန် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_jul2020

Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events