လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ခြောက်မိုင်ကျွဲခြံကုန်းရပ်ကွက်၊ နယ်မြေ(၈)၌ (၂၅-၇-၂၀၂၀) ရက်နေ့၊ (၁၉:၄၅)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးကျ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်နေရသည့် ဒဏ်ရာရဘေးသင့်ပြည်သူ (၁) ဦးအား ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကို (၂၆-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mon_jul2020

Source:           မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events