လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးဝင်းကြည်(တဲတိုက်)တွင် အိမ်ခြေ (၁၀၃) လုံး၊ အိမ်ထောင်စု (၁၀၉) စု၊ လူဦးရေ (၅၁၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၇ – ၇-၂၀၂၀) ရက်နေ့၊ (၁၁: ၀၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_drg
#mgy_jul2020
Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)