လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ ဆိုင်းဂျာ IDPစခန်းရှိ အိမ်ထောင်စု(၄၄)စုမှ လူဉီးရေ(၂၇၄)ဉီးတို့အတွက် Paris ဆပ်ပြာ(၂၇၄)ခဲ၊ ထုံးအိတ်(၁၀)အိတ်နှင့် COVID-19 အသိပညာပေး ဗီနိုင်းပိုစတာ(၁)ချပ်တို့ကိုလည်းကောင်း၊ လွယ်ဂျယ်မြို့၊ ကတ်သလစ်IDPစခန်းရှိ အိမ်ထောင်စု(၆၇)စုမှ လူဉီးရေ(၄၁၈)ဉီးတို့အတွက် Parisဆပ်ပြာ(၄၁၈)ခဲ၊ ထုံးအိတ် (၁၀) အိတ်နှင့် COVID-19 အသိပညာပေးဗီနိုင်းပိုစတာ(၁)ချပ်တို့ကိုလည်းကောင်း၊ လွယ်ဂျယ်မြို့၊ နှစ်ခြင်းIDPစခန်းရှိ အိမ်ထောင်စု(၃၈)မှ လူဦးရေ(၂၄၁)ဦးတို့အတွက် Paris ဆပ်ပြာ(၂၄၁)ခဲ၊ ထုံအိတ်(၁၀)အိတ်နှင့် COVID-19 အသိပညာပေး ဗီနိုင်းပိုစတာ(၁)ချပ်တို့ကိုလည်းကောင်း၊ လွယ်ဂျယ်မြို့၊ လီဆူIDPစခန်းရှိ အိမ်ထောင်စု(၂၁၁)စုမှ လူဦးရေ(၁၂၁၅)ဦးတို့အတွက် Paris ဆပ်ပြာ(၁၂၁၅)ခဲ၊ ထုံအိတ်(၁၀)အိတ်နှင့် COVID-19 အသိပညာပေးဗီနိုင်းပိုစတာ(၁)ချပ်တို့ကိုလည်းကောင်း၊ လွယ်ဂျယ်မြို့၊ ထန်းညIDPစခန်းရှိ အိမ်ထောင်စု(၂၄)မှ လူဦးရေ(၁၁၈)ဦးတို့အတွက် Paris ဆပ်ပြာ(၁၁၈)ခဲ၊ ထုံအိတ်(၁၀)အိတ်နှင့် COVID-19 အသိပညာပေးဗီနိုင်းပိုစတာ(၁)ချပ်တို့ကိုလည်းကောင်း၊ လွယ်ဂျယ်မြို့၊ ညောင်နှစ်ပင်IDPစခန်းရှိ အိမ်ထောင်စု(၄၈)မှ လူဦးရေ(၂၉၃)ဦးတို့အတွက် Paris ဆပ်ပြာ(၂၄၃)ခဲ၊ ထုံအိတ်(၁၀)အိတ်နှင့် COVID-19 အသိပညာပေး ဗီနိုင်းပိုစတာ(၁)ချပ်တို့ကိုလည်းကောင်း (၂၇-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#kcn_jul2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)