COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀)ရက်နေ့တွင် ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့၌ COVID-19 ရောဂါ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းတို့ကို လှည့်လည်နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source:           အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events