ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ​​ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၅)ရွာတို့၌ (၂၃-၇-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု ကြောင့် ဘေးသင့်အိမ်ခြေ (၃၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၉၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၃၉)စုမှ လူဦးရေ (၁၆၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၄၈,၆၀၀/-) ကျပ်တို့ကို (၂၇-၇-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_jul2020

Source:           မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events