Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့တွင် Irrawaddy Green Towers Ltdနှင့် ပူးပေါင်း၍ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရွှေတောင်တန်း၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း၌ လည်းကောင်း၊ အောင်မင်္ဂလာ ပရဟိတ ဘုန်းကြီးကျောင်းတို့၌ (Covid-19)ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့် ပညာပေးဗွီနိုင်း၊ ပို့စတာများ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_aug2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်မခမြစ်ရေတိုက် စားပြီး ကမ်းပြိုမှုကြောင့် လက်ပံတန်းမြို့နယ်၊ မြင်ကဝကျေးရွာအုပ်စု၊ မြင်ကဝကျေးရွာ၌ (၇-၈-၂၀၂၀) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၇,၂၀၀/-) ကျပ်၊ စုစုပေါင်း(၇၆၇,၂၀၀/-) ကျပ်နှင့်ပစ္စည်း(၁၁) မျိုးပါ (၇) အိမ်ထောင်စာတို့ အား (၁၁-၈-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ် ထွေအုပ်အစည်း အဝေးခန်းမတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် (၇-၈-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှလူဦးရေ (၁) ဦးအတွက်အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂,၁၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂,၁၀၀-)ကျပ်အား (၁၀-၈ -၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခွေးတောက်ချောင်ကျေး ရွာအုပ်စု၊ ပတ္တမြားကျွန်းကျေးရွာတွင် (၆-၈-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲပျက်စီးဝါးအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှလူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ စုစု ပေါင်းထောက်ပံ့ငွေ (၂၁၀,၅၀၀/-) ကျပ်အား (၁၀-၈-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ … Read more
-
မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၀)ရက်နေ့နှင့် (၁၀-၈-၂၀၂၀)ရက်နေ့တို့တွင် သာယာဝတီ မြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတို့၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၂၈)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၅၈၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၅၈၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၇)အိမ်ထောင်စာတို့အား (၁၁-၈-၂၀၂၀)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေအုပ်အစည်းအဝေးခန်းမတွင် မြို့နယ်ထွေအုပ်မှတာဝန်ရှိ သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိသည် Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_rbe #bgo_aug2020
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့်သဘာဝဘေးအသိ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှစ၍ ကျွဲဇင်းကျေးရွာအုပ်စု၊ ကျွဲဇင်းကျေးရွာ၊ ကွင်းကောက်ဝကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ညဏ်တောကျေးရွာ၊ အုန်းခုံကျေးရွာ၊ ကံကုန်းကျေးရွာနှင့် တိုင်တရာ ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူး စက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်မှ (၁၄း၀၀)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာ၊ ဖိုးစတောကြီးကျေးရွာ၊ ဖိုးစတောလေးကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့ရှိ အများပြည်သူများသို့ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေခြင်းများကို မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ ဘုံလုံချောင်ကျေးရွာ၊ ဆူးဂဏန်းကျေးရွာ၊ သာယာဝဲကျေးရွာ၊ လတာကြီး ကျေးရွာ၊ ကြာခတ်ကုန်းကျေးရွာ၊ ဖိုးစံကျေးရွာ၊ တာပတ်ကျေးရွာတို့၌ COVID -19 ရောဂါ ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈) မျိုး လက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှ နေ့လည်(၁၁:၀၀)နာရီ အချိန်အထိ လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာအုပ်စု အတွင်းရှိ သပြေရှောင်ကျေးရွာ၊ သံလျင်ကျေးရွာ၊ ဟင်ချိုတော ကျေးရွာနှင့် ရဘဲ့အင်းကျေးရွာများမှ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ဓနုဖြူမြို့နယ်၊ ရေလဲကျေးရွာအုပ်စုရှိ ဝေလာဝေးကျေးရွာ၊ ရေလဲကျေးရွာ၊ တင်းကုတ်စုကျေးရွာ၊ ဆိတ်စုကျေးရွာ၊ လက်တစုကျေးရွာနှင့် ရေကန်စုကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး ဘေး(၈) မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
