လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွဲ‌သောင်ကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် (၇-၈-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှလူဦးရေ (၁) ဦးအတွက်အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂,၁၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂,၁၀၀-)ကျပ်အား (၁၀-၈ -၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_aug2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events