ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်မခမြစ်ရေတိုက် စားပြီး ကမ်းပြိုမှုကြောင့် လက်ပံတန်းမြို့နယ်၊ မြင်ကဝကျေးရွာအုပ်စု၊ မြင်ကဝကျေးရွာ၌ (၇-၈-၂၀၂၀) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၇,၂၀၀/-) ကျပ်၊ စုစုပေါင်း(၇၆၇,၂၀၀/-) ကျပ်နှင့်ပစ္စည်း(၁၁) မျိုးပါ (၇) အိမ်ထောင်စာတို့ အား (၁၁-၈-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ် ထွေအုပ်အစည်း အဝေးခန်းမတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့်အတူ ဘေးသင့်ပြည် သူများလက်ဝယ်သို့ ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#bgo_aug2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events