မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၀)ရက်နေ့နှင့် (၁၀-၈-၂၀၂၀)ရက်နေ့တို့တွင် သာယာဝတီ မြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတို့၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၂၈)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၅၈၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၅၈၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၇)အိမ်ထောင်စာတို့အား (၁၁-၈-၂၀၂၀)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေအုပ်အစည်းအဝေးခန်းမတွင် မြို့နယ်‌ထွေအုပ်မှတာဝန်ရှိ သူများ၊‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့‌ပေးခဲ့ပါကြောင်း သတင်းရရှိသည်

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#bgo_aug2020

Sign Up

Upcoming Events