
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှစ၍ ကျွဲဇင်းကျေးရွာအုပ်စု၊ ကျွဲဇင်းကျေးရွာ၊ ကွင်းကောက်ဝကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ညဏ်တောကျေးရွာ၊ အုန်းခုံကျေးရွာ၊ ကံကုန်းကျေးရွာနှင့် တိုင်တရာ ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူး စက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ အများပြည်သူများ သိရှိ လိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင် ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)