
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှ နေ့လည်(၁၁:၀၀)နာရီ အချိန်အထိ လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာအုပ်စု အတွင်းရှိ သပြေရှောင်ကျေးရွာ၊ သံလျင်ကျေးရွာ၊ ဟင်ချိုတော ကျေးရွာနှင့် ရဘဲ့အင်းကျေးရွာများမှ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_aug2020