Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်မှ (၁၄း၀၀)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာ၊ ဖိုးစတောကြီးကျေးရွာ၊ ဖိုးစတောလေးကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့ရှိ အများပြည်သူများသို့ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေခြင်းများကို မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#bgo_aug2020

Sign Up

Upcoming Events