Author Archives: Department of Disaster Management

  • (Covid-19) ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း များ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂.၈.၂၀၂၀)ရက်နေ့တွင် လွိုင်ကော် မြို့နယ်၊ ပါလောင်းကျေးရွာအုပ်စု၊ ဒေါတရိုးကျးရွာ၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာ၊ နမ့်ကွမ့် ကျေးရွာ၊ ဒေါဆော်ဘီကျေးရွာများရှိ ပြည်သူများအား (COVID-19)ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_aug2020     Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီး၊ သံယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန် ရှိသူများသည် (၂၀-၈-၂၀၂၀)ရက်နေ့ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အကွက်အမှတ် (၃၄၂)တွင် အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ(၇၂)ဦး မီးဘေးသင့်ခဲ့ပြီး အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများအတွက် တန်ဖိုးငွေကျပ်(၃၄,၇၅၃)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ အိမ်ထောင်စု (၈)စုစာ၊ တန်ဖိုးငွေကျပ် (၃၇,၇၅၃)ရှိကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု (၉)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁,၀၀၀,၀၀၀) နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေကျပ် … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ လှော်ကထားအုပ်စု၊ (လှော်ကထား၊ စမ်းကြီး၊ ကြို့ကုန်း) ကျေးရွာတို့တွင် နံနက် (၈:၀၀)နာရီချိန်မှ (၁၁:၀၀)နာရီ အချိန်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ် မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သည့် … Read more

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက် မြို့နယ်အတွင်း (၂၁-၈-၂၀၂၀) ရက်နေ့နှင့် (၂၂-၈-၂၀၂၀)ရက်နေ့များ၌ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၆၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၅၅၀,၂၀၀/-) ကျပ်တိတိအား (၂၂-၈-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွံမှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #sgg_aug2020

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ညောင်လန်းငူကျေးရွာ၊ ရိုးကုန်းကျေးရွာ၊ ဆိပ်မအရှေ့ကျေးရွာ၊ဆိပ်မအနောက်ကျေးရွာ၊ခါချည်ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက် များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင်ဝေငှ ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug2020

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၌ မိုးကောင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် နန့်ရင်းရပ်ကွက်နှင့် ကျွန်းပင်သာ ကျေးရွာအုပ်စုတို့တွင် ရေများဝင်ရောက်ခဲ့သောကြောင့် ထပ်မံပြောင်းရွှေ့နေထိုင်ရသော အိမ်ထောင်စု(၁၀)စုမှ လူဦးရေ ကျား(၁၆)ဦး၊ မ(၂၅)ဦး ပေါင်း(၄၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၈၆,၁၀ဝိ/-) ကျပ်အား (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kcn_aug2020

  • သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၊ (၇:၀၀)အချိန်မှ (၁၅:၃၀)အချိန်ထိ ကနီမြို့နယ် ချင်းတွင်းမြစ်ဘေး (ဝဲ/ယာ )ရှိ ကျေးရွာများ၌ မြစ်ရေကြီးခြင်း သတိပေးချက် နှိုးဆော်ခြင်းလုပ်ငန်းများနှင့် ရေဘေးအသိ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီအဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ရေလည်ကျွန်းအုပ်စု၊အောင်မင်္ဂလာကျေးရွာ (၂၁.၈.၂၀၂၀)ရက်နေ့ ဧရာဝတီ မြစ် ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု(၁)စု မှ လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၄၂၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုးတို့ကို (၂၂.၈.၂၀၂၀)ရက်နေ့ နေ့လည် (၁၂:၃၀)အချိန်တွင် ပြည့်သူလက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #bgo_aug2020     Source: … Read more

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့မှ (၂၁-၈-၂၀၂၀)ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ခွန်သာ ရပ်ကွက်နှင့် ပေါက်ကုန်းရပ်ကွက်တို့မှ ပြောင်းရွှေ့အိမ်ထောင်စု (၂၁၅)စု၊ လူဦးရေ (၉၇၉) ဦးတို့အတွက် ဆပ်ပြာ(၂၁၅)ခဲ၊ အဝတ်mask(၉၇၉)ခုနှင့် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၂,၀၅၅,၉၀၀/-) ကျပ်တို့ကို (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kcn_aug2020

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၊ မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းမြို့နယ်၊ နန့်ရင်းရပ်ကွက်၊ ကျွန်းတောရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ အလယ် ရပ်ကွက်၊ ကျွန်းပင်သာအုပ်စု၊ အရှေ့ရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် နောင်ကိုင်တော် ရပ်ကွက် တို့တွင် ရေများဝင်ရောက်ခဲ့သောကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသော အိမ်ထောင်စု (၆၀)စုမှ လူဦးရေ ကျား(၁၄၅)ဦး၊ မ(၁၅၃)ဦး ပေါင်း(၂၉၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာထောက်ပံ့ငွေ (၆၂၅,၈၀ဝိ/-) ကျပ်အား (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)အချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events