လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂.၈.၂၀၂၀)ရက်နေ့တွင် လွိုင်ကော် မြို့နယ်၊ ပါလောင်းကျေးရွာအုပ်စု၊ ဒေါတရိုးကျးရွာ၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာ၊ နမ့်ကွမ့် ကျေးရွာ၊ ဒေါဆော်ဘီကျေးရွာများရှိ ပြည်သူများအား (COVID-19)ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)