မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီး၊ သံယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန် ရှိသူများသည် (၂၀-၈-၂၀၂၀)ရက်နေ့ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အကွက်အမှတ် (၃၄၂)တွင် အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ(၇၂)ဦး မီးဘေးသင့်ခဲ့ပြီး အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများအတွက် တန်ဖိုးငွေကျပ်(၃၄,၇၅၃)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ အိမ်ထောင်စု (၈)စုစာ၊ တန်ဖိုးငွေကျပ် (၃၇,၇၅၃)ရှိကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု (၉)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁,၀၀၀,၀၀၀) နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေကျပ် (၁၅၁,၂၀၀)တို့ကို (၂၂-၈-၂၀၂၀)ရက်နေ့တွင် သွား‌ရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#mdy_aug2020
 
 
Source: မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events