Author Archives: Department of Disaster Management
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊ ပိန္နဲကွင်းကျေးရွာတွင် အိမ်ခြေ(၁)လုံး လုံးဝပျက်စီးခဲ့ရာ အဆိုပါ အိမ်ခြေမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၁၈-၄-၂၀၁၇)ရက်နေ့တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ကားဖြင့်ပေးပို့ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ငါးအိမ်တန်းကျေးရွာတွင် အိမ်ခြေ(၁)လုံး လုံးဝပျက်စီးခဲ့ရာ အဆိုပါ အိမ်ခြေမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၁၈-၄-၂၀၁၇)ရက်နေ့တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ကားဖြင့်ပေးပို့ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆-၄-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ပြည်သာယာကျေးရွာတွင် လူနေတဲအိမ် (၄) လုံး ပြိုကျပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)၊ လူဦးရေ (၁၇) ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာ (၃၅,၇၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၃၅,၇၀၀) အားလည်းကောင်း၊ ယနေ့နောက်တိုးစာရင်းအရ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ မေဒါအိုင်ကျေးရွာတွင် လူနေတဲအိမ် (၁) လုံးပြိုကျပျက်စီးမှုအတွက် … Read more
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားသော မာရသာမုန်တိုင်းကြောင့် ရမ်းမြဲမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း၊ ရဲစခန်းနေအိမ်၊ တိုက်နယ်ဆေးရုံဝန်ထမ်းနေအိမ်နှင့် မီးကျောင်းတက်ရွာရှိ အလကကျောင်းအမိုးလန်ခြင်းများအတွက် (၁၈-၄-၂၀၁၇) ရက်နေ့တွင် ရမ်းဗြဲအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင်သွပ်(၇၃)ချပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သော မာရသာမုန်တိုင်းကြောင့် ကျောက်ဖြူမြို့၊ ကျောက်တလုံး IDP ဘင်္ဂလီစခန်းရှိ အဆောင်အမှတ် (၇)မှ အခန်း (၃)ခန်း အမိုးလန်ခြင်းအတွက် (၁) အိမ်ထောင် (၃ဝ,ဝဝဝ) နှုန်းဖြင့် (၉ဝ,ဝဝဝ) ကျပ်တိတိကို (၁၈-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနများမှ ခရိုင်ဦးစီးမှူးများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ဥယျာဉ်စုကျေးရွာတွင် (၁၆-၄-၂၀၁၇) ရက်နေ့ကဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး(ပလတ်စတစ်ပုံးပါ)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ အမိုးလန်အိမ်ခြေ (၄)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)၊ ဘုန်းကြီးကျောင်းဓမ္မာရုံ (၁)လုံး အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးမှုအတွက် ထောက်ပံလှူဒါန်းငွေကျပ် (၁၀၀,၀၀၀)၊ သေဆုံးလူ (၁)ဦးအတွက် (၃၀၀,၀၀၀)၊ ဘေးသင့် လူဦးရေ(၂၄) ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် … Read more
-
ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာတွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများ၊ပြည်တွင်း/ပြည်ပ NGOများ၊ ကြက်ခြေနီ၊ တပ်မတော်အပါအဝင်ပြည်သူတစ်ရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယခုဖြစ်ပေါ်ခဲ့သောဆိုင်ကလုန်းမုန်တိုင်း“မာရသာ” (Maarutha)ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာတွင်လည်း- ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ဥယျာဉ်စုကျေးရွာတွင်(၁၆-၄-၂၀၁၇)နေ့မာရသာမုန်တိုင်းအရှိန်ကြာင့် လေပြင်းတိုက်ခတ်မှုတွင်ပြိုလဲအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၄)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဘုန်းကြီးကျောင်းဓမ္မာရုံ(၁)လုံးတို့အတွက်မိသားစုသုံးကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၆)သိန်း၊သေဆုံးသူ(၁)ဦးအတွက်(၃)သိန်း၊ဆန်ရိက္ခာဖိုးငွေကျပ်(၅၀၄၀၀)တို့ကိုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနများမှခရိုင်ဦးစီးမှူးများနှင့်အတူ(၁၇-၄-၂၀၁၇)ရက်နေ့တွင်ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံခဲ့သည်။ ထို့ပြင်ရပ်ရွာအခြေပြုအသင်းအဖွဲ့တစ်ခုမှလည်း သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေများကိုကျန်ရစ်သူမိသားစုအား ထောက်ပံပေးအပ်ခဲ့ပါသည်။ ဝါးခယ်မမြို့နယ်၊ထန်းလေးပင်ကျေးရွာတွင် (၁၆-၄-၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သောလေပြင်းကြောင့် ပြိုကျအိမ်(၁)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်း၊ ဆန်ဖိုးထောက်ပံ့ငွေကျပ် (၁၀၅၀၀)တို့ကို ကယ်ဆယ်ရေးနှင့် … Read more
-
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သောက်ရေသန့်နှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး နေပြည်တော်မှတာဝန်ရှိသူများသည် ပုဗ္ပသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖက်တဲကုန်းကျေးရွာသို့ သောက်ရေသန့်ကတ် (၁၅၀) ပေးဝေခြင်းနှင့် ဆင်သေချောင်းတလျှောက်ရှိကျေးရွာများသို့ ဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များအား (၁၇-၄-၂၀၁၇) ရက်နေ့တွင်သွားရောက်ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဆိုင်ကလုန်းမုန်တိုင်း မာရူသာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများ (ကနဦးသတင်းရရှိမှု)
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၁၇-၄-၂၀၁၇)နေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သောဆိုင်ကလုန်းမုန်တိုင်း“မာရသာ” (Maarutha) သည်ရခိုင်ကမ်းရိုးတန်းဒေသ၊သံတွဲမြို့အနီးမှဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ကုန်းတွင်းမုန်တိုင်းငယ်အဆင့်မှလေဖိအားနည်းရပ်ဝန်းအဖြစ်သို့အားပျော့သွားပြီဖြစ်ကြောင်းသိရှိရပါသည်။ မုန်တိုင်းဖြတ်ကျော်၀င်ရောက်မှုကြောင့် ကနဦးသိရှိရသည့် ရခိုင်ပြည်နယ်အတွင်းထိခိုက်ပျက်စီးမှုအခြေအနေများမှာ- မာန်အောင်မြို့နယ်တွင်- (က) ဆားချက်ကျေးရွာ(ရဲစခန်း)လူနေအိမ်် (၆)လုံးအမိုး/အကာပျက်စီး ( ခ) သစ်ပုံရွာ(ရဲကင်း)လူနေအိမ် (၁)လုံးအမိုး/အကာပျက်စီး ( ဂ) တန်လျောင်ကုန်းရွာ (အ.မ.က)ကျောင်းသွပ်(၅)ချပ် အမိုးလန်ပျက်စီး (ဃ) ဇရပ်ကုန်းခင် (အ.မ.က)ကျောင်းသွပ်(၅)ချပ် အမိုးလန်ပျက်စီး ( င) ဇရပ်ကုန်းခင်လူနေအိမ် … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ ထန်းလေးပင်ကျေးရွာတွင် (၁၆-၄-၂၀၁၇) ရက်နေ့က ဖြစ်ပွားသောလေဘေးကြောင့် ပြိုကျအိမ် (၁) လုံး အတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုး(၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာငွေကျပ် (၁၀၅၀၀)၊ စုစုပေါင်းငွေကျပ် (၁၁၀,၅၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးတို့အား လေဘေးသင့်ပြည်သူများထံသို့ (၁၇-၄-၂၀၁၇) ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
