ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ ထန်းလေးပင်ကျေးရွာတွင် (၁၆-၄-၂၀၁၇) ရက်နေ့က ဖြစ်ပွားသောလေဘေးကြောင့် ပြိုကျအိမ် (၁) လုံး အတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုး(၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာငွေကျပ် (၁၀၅၀၀)၊ စုစုပေါင်းငွေကျပ် (၁၁၀,၅၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးတို့အား လေဘေးသင့်ပြည်သူများထံသို့ (၁၇-၄-၂၀၁၇) ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။