ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိခြင်း        

 

18 pic_24 18 pic_23 18 pic_22 18 pic_21 18 pic_20 18 pic_19 18 pic_18 18 pic_17 18 pic_16 18 pic_15 18 pic_13 18 pic_12 18 pic_11 18 pic_10 18 pic_09 18 pic_08 18 pic_07 18 pic_06 18 pic_05 18 pic_04 18 pic_03 18 pic_02 18 pic_01

  • လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာတွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများ၊ပြည်တွင်း/ပြည်ပ NGOများ၊ ကြက်ခြေနီ၊ တပ်မတော်အပါအဝင်ပြည်သူတစ်ရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယခုဖြစ်ပေါ်ခဲ့သောဆိုင်ကလုန်းမုန်တိုင်း“မာရသာ” (Maarutha)ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာတွင်လည်း-
    • ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ဥယျာဉ်စုကျေးရွာတွင်(၁၆-၄-၂၀၁၇)နေ့မာရသာမုန်တိုင်းအရှိန်ကြာင့် လေပြင်းတိုက်ခတ်မှုတွင်ပြိုလဲအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၄)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဘုန်းကြီးကျောင်းဓမ္မာရုံ(၁)လုံးတို့အတွက်မိသားစုသုံးကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၆)သိန်း၊သေဆုံးသူ(၁)ဦးအတွက်(၃)သိန်း၊ဆန်ရိက္ခာဖိုးငွေကျပ်(၅၀၄၀၀)တို့ကိုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနများမှခရိုင်ဦးစီးမှူးများနှင့်အတူ(၁၇-၄-၂၀၁၇)ရက်နေ့တွင်ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံခဲ့သည်။ ထို့ပြင်ရပ်ရွာအခြေပြုအသင်းအဖွဲ့တစ်ခုမှလည်း သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေများကိုကျန်ရစ်သူမိသားစုအား ထောက်ပံပေးအပ်ခဲ့ပါသည်။
    • ဝါးခယ်မမြို့နယ်၊ထန်းလေးပင်ကျေးရွာတွင် (၁၆-၄-၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သောလေပြင်းကြောင့် ပြိုကျအိမ်(၁)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်း၊ ဆန်ဖိုးထောက်ပံ့ငွေကျပ် (၁၀၅၀၀)တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများထံသို့(၁၇-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။
    • လပွတ္တာမြို့၊အမှတ်(၉)ရပ်ကွက်တွင် (၁၆-၄-၂၀၁၇)ရက်နေ့ လေပြင်းတိုက်ခတ်စဉ် သစ်ကိုင်းကျိုးကျခဲ့ပြီးအိမ်အတွင်းသို့ဆက်သွယ်ထားသောဝါယာကြိုးပြတ်ကျခဲ့ရာမှအမျိုးသမီး(၂)ဦးဓာတ်လိုက်သေဆုံးခဲ့သဖြင့်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးသန်းစိုးသည်သေဆုံးသူ(၂)ဦး၏ကျန်ရစ်သူမိသားစုများထံသို့ (၁၇-၄-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ငွေ(၆)သိန်းအားသွားရောက်ထောက်ပံ့ခဲ့ပါသည်။
    • ထို့အတူ (၁၆-၄-၂၀၁၇)နေ့ မာရသာမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းပြီးမကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ကုလားပါကျေးရွာတွင်လူနေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ရာဘေးသင့်ပြည်သူများအတွက် မိသားစုသုံးကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၀၄၂၀၀)တို့ကို မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၇.၄.၂၀၁၇)နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။
    • အလားတူပင် သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့်အတူပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသောအဖွဲ့များမှတစ်ဖွဲ့ဖြစ်သည့် ဝေဠုကျော်ဖောင်ဒေးရှင်းမှကိုဝေဠုကျော်နှင့်အဖွဲ့သည် မာရသာမုန်တိုင်းအပြီးသံတွဲမြို့နယ်၊ ငပလီမြို့များရှိထိခိုက်ပျက်စီးမှုရှိသောအိမ်ထောင်စုများအားကူညီပေးနိုင်ရန်အတွက် (၁၇-၄-၂၀၁၇)နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ပြီးသံတွဲဆေးရုံတွင်တက်ရောက်နေသောသစ်ပင်ပိလူနာ(၁)ဦးအတွက်(၁)သိန်း၊ဂေါ့ရွာသစ်ပင်ပိအိမ်(၁)လုံးအတွက်(၅)သောင်း၊ဂျိတ္တောရွာနှင့်သရော်တောရွာသစ်ပင်ပိပြို(၂)အိမ်အတွက် (၄)သောင်းစီတို့ကိုထောက်ပံ့ခဲ့ပြီးငပလီဟိုတယ်များတွင်ရှေးဦးသူနာပြုသင်တန်းနှင့်ရေပြင်သက်ကယ်သင်တန်းများသင်ကြားသင့်ကြောင်း၊ ကျွမ်းကျင်သူများထားရှိသင့်ကြောင်းကိုဟိုတယ်ဇုံဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးညှိနှိင်းခဲ့ကြောင်းလည်းသိရှိရပါသည်။
  • လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် မုန်တိုင်းဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများအပေါ် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊နှင့်အတူလိုအပ်သည့်ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events