ဆိုင်ကလုန်းမုန်တိုင်း မာရူသာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများ (ကနဦးသတင်းရရှိမှု)

17 pic_01 17 pic_02 17 pic_03 17 pic_04 17 pic_05 17 pic_06 17 pic_07 17 pic_08 17 pic_09 17 pic_10 17 pic_11 17 pic_12 17 pic_13 17 pic_14 17 pic_15 17 pic_16 17 pic_17 17 pic_18 17 pic_19 17 pic_20 17 pic_22                   

  • မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၁၇-၄-၂၀၁၇)နေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သောဆိုင်ကလုန်းမုန်တိုင်း“မာရသာ” (Maarutha) သည်ရခိုင်ကမ်းရိုးတန်းဒေသ၊သံတွဲမြို့အနီးမှဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ကုန်းတွင်းမုန်တိုင်းငယ်အဆင့်မှလေဖိအားနည်းရပ်ဝန်းအဖြစ်သို့အားပျော့သွားပြီဖြစ်ကြောင်းသိရှိရပါသည်။
  • မုန်တိုင်းဖြတ်ကျော်၀င်ရောက်မှုကြောင့် ကနဦးသိရှိရသည့် ရခိုင်ပြည်နယ်အတွင်းထိခိုက်ပျက်စီးမှုအခြေအနေများမှာ-
    • မာန်အောင်မြို့နယ်တွင်-

(က)    ဆားချက်ကျေးရွာ(ရဲစခန်း)လူနေအိမ်် (၆)လုံးအမိုး/အကာပျက်စီး

( ခ)    သစ်ပုံရွာ(ရဲကင်း)လူနေအိမ် (၁)လုံးအမိုး/အကာပျက်စီး

( ဂ)    တန်လျောင်ကုန်းရွာ (အ.မ.က)ကျောင်းသွပ်(၅)ချပ် အမိုးလန်ပျက်စီး

(ဃ)    ဇရပ်ကုန်းခင် (အ.မ.က)ကျောင်းသွပ်(၅)ချပ် အမိုးလန်ပျက်စီး

( င)    ဇရပ်ကုန်းခင်လူနေအိမ် (၂)လုံးအမိုးလန်ပျက်စီး

( စ)    မြတ်မချောင်(အ.မ.က)ကျောင်းသွပ်(၂၈) ချပ်အမိုးလန်ပျက်စီး

(ဆ)    ဟင်းစနဲဘုန်းတော်ကြီးသွပ်(၁၅)ချပ် အမိုးလန်ပျက်စီး

( ဇ)    စမုံတဲရွာ (အ.မ.က)ကျောင်းသွပ် (၃)ချပ် အမိုးလန်ပျက်စီး

(စျ)    ‌ေမာင်မကန်ရွာ (အ.မ.က)ကျောင်းသွပ် (၆)အမိုးလန်ပျက်စီး

(ည)    ခအုန်းမော်ကျေးရွာဘုန်းကြီးကျောင်းသွပ်(၉)ချပ်အမိုးလန်ပျက်စီး

(ဋ)     တောရွာကျေးရွာရေတွင်းတိုင်၊ အမိုးပျက်စီး

(ဌ)     ပြားကြီးကျေးရွာ(အ.မ.က)ကျောင်းအမိုးလန်ပျက်စီး

(ဍ)     ဇီးတောကျေးရွာလူနေအိမ်(၁)လုံးသစ်ပင်ပိပျက်စီး

(ဎ)     ဟင်းစနဲကျေးရွာ (အ.ထ.က)ကျောင်းသွပ်(၁၀)ချပ်အမိုးလန်ပျက်စီး

(ဏ)   ရဲကျွန်းတောင်ရွာလူနေအိမ်(၂)လုံးအမိုးလန်ပျက်စီး

(တ)    ရဲကျွန်းမြောက်ရွာဇရပ်သွပ်(၂၀)ချပ်အမိုးလန်ပျက်စီး

(ထ)    ကျွန်းကြားရွာ (အ.မ.က)ကျောင်းသွပ်(၇)ချပ်မိုးလန်ပျက်စီး

( ဒ)    ဘူးရေမျက်ရွာလူနေအိမ်(၁)လုံးပြိုလဲပျက်စီး

( ဓ)    တိုက်ကျွန်းကျေးရွာဘုန်းတော်ကြီးကျောင်းသွပ် (၂၀)ချပ်အမိုးလန်ပျက်စီး

( န)    ကုန်းတန်းကျေးရွာ(အ.မ.က)အိမ်သာတံခါး(၁)ချပ်ပျက်စီး

( ပ)    ရန်အောင်မြင်ရပ်ကွက်ပြည်သူ့ဆေးရုံသံဃာဆောင်သွပ်(၁၁)ချပ်အမိုးလန်ပျက်စီး

( ဖ)    ရန်အောင်မြင်ရပ်ကွက်(အ.မ.က)အိမ်သာသွပ်(၆)ချပ်အမိုးလန်ပျက်စီး

( ရ)    ပြင်ကောက်ကျေးရွာအ.လ.က(ခွဲ) သွပ်(၃)ချပ်အမိုးလန်ပျက်စီး

(ယ)    ပြင်ကောက်ကျေးရွာတွင်းလူနေအိမ်(၁)လုံးအမိုးလန်ပျက်စီး

(လ)    ငအင်းကျေးရွာလူနေအိမ် (၁)လုံးဓနိမိုးလန်ပျက်စီး

( ၀)    ဇလပ်ပြင်ရွာလူနေအိမ်(၁)လုံးဓနိအမိုးလန်ပျက်စီး

(သ)    ကအီးကျေးရွာလူနေအိမ်(၁)လုံးအမိုးလန်ပျက်စီး

  • တောင်ကုတ်မြို့နယ်တွင်-

(က)    တောင်ရင်းကျေးရွာလူနေအိမ်(၂)လုံးပြိုကျပျက်စီး

( ခ)    ြပင်ကြီးကျေးရွာ (အ.ထ.က)ကျောင်းသွပ်(၂၀)ချပ် ပျက်စီး

( ဂ)    ြပင်ကြီးကေျးရွာဘုန်းတော်ကြီးကျောင်းသွပ်(၂၀)ချပ် ပျက်စီး

(ဃ)    နတ်ကန်ကျေးရွာတွင်လူနေအိမ် (၄)လုံးအမိုးအကာပျက်စီး

( င)    ကံဆိပ်တောင်ကျေးရွာတွင်လူနေအိမ်(၁)လုံးခေါင်မိုးပျက်စီး

  • ကျောက်ဖြူမြို့နယ်တွင်-

(က)    ဂုံးချွိန်ကျေးရွာအုပ်စု  IDPစခန်းအဆောင်အမှတ်(၇)ပျက်စီး

  • ရမ်းဗြဲမြို့နယ်တွင်-

(က)    မကျည်းမြောက်ရွာဘုန်းကြီးကျောင်းအုတ်တံတိုင်းနံရံပြိုလဲပျက်စီး

( ခ)    ဗောဓိရွာဘုန်းတော်ကြီးကျောင်းအမိုးလန်ပျက်စီး

( ဂ)    မကျည်းရွာပိုက်ဆိပ်တဲ(၇၀)လုံးအမိုးလန်ပျက်စီး

(ဃ)    မကျည်းရွာရဲကင်းစခန်းသွပ်(၁၀)ချပ်အမိုးလန်ပျက်စီး

( င)    သရက်ချိုကျေးရွာတိုက်နယ်ဆေးရုံ၀န်ထမ်းနေအိမ်သွပ်(၁၅)ချပ်အမိုးလန်ပျက်စီး

( စ)    ဗောဓိရွာတိုက်နယ်ဆေးရုံသွပ်(၁၇)ချပ်အမိုးလန်ပျက်စီး

(ဆ)    ဗောဓိရွာတိုက်နယ်ဆေးရုံ(၂)ခန်းတွဲအိမ်သာသွပ်(၁၇)ချပ်အမိုးလန်ပျက်စီး

( ဇ)    မီးကျောင်းတက်ကျေးရွာ (အ.လ.က)ကျောင်းသွပ်(၅)ချပ်အမိုးလန်ပျက်စီး

(စျ)    အရှေ့ယေကျေးရွာ (အ.မ.က)ဓနိအမိုးလန်ပျက်စီး

  • ငပလီမြို့တွင် –

(က)    ‌ေဂါ့ရပ်ကွက်လူနေအိမ် (၁၀)လုံးအမိုးလန်ပျက်စီး

( ခ)    ဇီးဖြူကုန်းရပ်ကွက်လူနေအိမ် (၅)လုံးအမိုးလန်ပျက်စီး

( ဂ)    လင်းသာရပ်ကွက်မီးတိုင် (၉) တုိင် ကျိုးကျ/ပျက်စီး

(ဃ)    ြမပြင်ရပ်ကွက်လူ‌ေနအိမ်(၁)လုံးအမိုးလန်ပျက်စီး

( င)    ဂျိတ္တောရပ်ကွက် လူနေအိမ်(၅)လုံးအမိုးလန်ပျက်စီး

  • ဧရာ၀တီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊လေးဂွကြီးကျေးရွာနှင့် ဘင်္ဂလားကြီးကျေးရွာတို့တွင် လူနေအိမ်(၁၆)လုံးပြိုလဲခဲ့ပြီး (၁၅)လုံးအမိုးလန် ပျက်စီးခဲ့ကြောင်းနှင့် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိဂေါ်ရမ်ဂျီကျွန်းမြေသားလမ်း ပျက်စီးမှုဖြစ်ပွားခဲ့ရာဆောက်လုပ်ရေး၀န်ကြီးဌာနမှ အမြန်ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။
  • မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ(မကွေး-ကံပြား)ကားလမ်းယင်းချောင်းလမ်းလွဲယာယီတံတားမိုင်တိုင်(၅၁) ပျက်စီးမှုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေး၀န်ကြီးဌာနမှ အမြန်ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။
  • မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာနအနေဖြင့် လိုအပ်သည့်ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events