ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနများမှ ခရိုင်ဦးစီးမှူးများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ဥယျာဉ်စုကျေးရွာတွင် (၁၆-၄-၂၀၁၇) ရက်နေ့ကဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး(ပလတ်စတစ်ပုံးပါ)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊  အမိုးလန်အိမ်ခြေ (၄)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)၊ ဘုန်းကြီးကျောင်းဓမ္မာရုံ (၁)လုံး အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးမှုအတွက် ထောက်ပံလှူဒါန်းငွေကျပ် (၁၀၀,၀၀၀)၊ သေဆုံးလူ (၁)ဦးအတွက် (၃၀၀,၀၀၀)၊ ဘေးသင့် လူဦးရေ(၂၄) ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၅၀,၄၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၉၅၀,၄၀၀) တို့ကို (၁၇-၄-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံခဲ့ပြီး၊ ရပ်ရွာအခြေပြုအသင်းအဖွဲ့တစ်ခုမှလည်း သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေအား ကျန်ရစ်သူမိသားစုထံ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events